Studio Vlog - Workspace Makeover😱
မင်္ဂလာပါ Dreamer တို့ရေ🤓
မေ ရဲ့ အခန်းလေးကိုပြန်ပြင်ပြီး studio လေးအဖြစ်လုပ်နေတာ Dreamer တို့လည်းသိပြီးသားဖြစ်မှာပါ ဒီနေ့တော့ မေ တစ်နေ့တာအချိန်တော်တော်များများကုန်ဆုံးတဲ့ နေရာလေး အလုပ်လုပ်တဲ့ စာပွဲနေရာလေးကို အလှဆင် makeover ပြန်လုပ်ထားတာလေးရိုက်ထားတာလေးကို share ပေးလိုက်ပါတယ်နော်🥰
မေ အခန်းပြင်တဲ့ အခါ budget သိပ်အများကြီး မသုံးပဲ အဆင်ပြေပြေနဲ့ လှလှလေးဖြစ်အောင် သင့်တော်တဲ့ ပစ္စည်းလေးတွေရှာဝယ်ပါတယ် ဒီ စာရေးစားပွဲအတွက် မေရဲ့ stationery လေးတွေ သပ်သပ်ရပ်ရပ်ထားဖို့ organizer လေးတွေကတော့ Miniso MGOU Mieivc Japan Store စတဲ့ဆိုင်တွေကနေ 7000ks မကျော်တဲ့ ပစ္စည်းတော်တော် များများရခဲ့ပါတယ် အဲ့တာကြောင့် makeover လေးလည်းလုပ်ပြရင်း မေဝယ်ခဲ့တဲ့ ပစ္စည်းလေးတွေလည်းမှတ်မိသလောက်ပြောထားပါတယ် Dreamer တို့လည်း လိုချင်တဲ့အခါသိရအောင်ပါ😉(not sponsored) korean room style လေးတွေကို ကြိုက်တဲ့သူတွေအတွက်တော့ အဲ့ဆိုင်လေးတွေက organizer လေးတွေကတော်တော်အဆင်ပြေပါတယ် ဘယ်လိုလေးတွေမေဝယ်ပြီးသုံးတယ်ဆိုတာတော့ video လေးမှာကြည့်ကြည့်လိုက်တော့နော်😬
အရင်တစ်ပတ် video မှာ subtitle လေးမှိန်သွားတယ် အဲ့တာဒီ video မှာပါပြန်ပြင်ဖို့လုပ်ပေမယ့် မေရဲ့ raw video တွေဖျက်မိသွားလို့ပြန်ပြင်လိုမရတော့ဘူး အားနာပါတယ် သီးခံပြီးကြည့်ပေးကြပါဦးနော် ဖုန်းကို landscape ထားကြည့်ရင်တော့ နည်းနည်းလေးပိုမြင်ရမယ်ထင်တယ် ကြည့်ကြည့်ပေးပါကြပါဦးနော်🥺 Studio Tour လေးလည်းပြီးတာနဲ့ရိုက်ပေးမယ်နော် အခုတော့ တစ်ခုတစ်ခု ဝယ်လိုက် DIY လုပ်လိုက်နဲ့ ဖြည့်နေတုန်းမို့ ဟီးဟီး DIY လေးတွေလည်းအများကြီးလုပ်ထားတယ် တဖြည်းဖြည်းတင်ပေးသွားမှာမို့ အပြင်သိပ်မထွက်ပဲ ပိတ်ရက်လေးတွေ အိမ်မှာမပျင်းရအောင် page ကို see first ထားပြီး project တိုင်းကို လိုက်လုပ်ကြည့်ကြပါဦးနော် stay tuned dreamers😘
Thank you so much Dreamers🙏🏻