ပျော်ရဲ့လားလို့ မေးတိုင်း ပျော်တာပေါ့လို့ဖြေပြီး ငါတို့ စောင့်ခဲ့ကြတာ - တစ်နှစ် ကြာသွားတယ် ဆယ်နှစ် ကြာသွားတယ် ဆယ်စုနှစ်ပေါင်းများစွာ ကြာသွားတယ် ငါတို့ ဘာကို စောင့်နေခဲ့ကြမှန်း မမှတ်မိတော့တဲ့အထိ ကြာသွားတယ် ဆက်စောင့်နေတုန်းပဲ ငါတို့▪
















