မြန်မာတွေ နာမည်ပြောင်းပေးလိုက်တဲ့ ASEAN!
A = Always ( အမြဲ)
S= Selfish ( တကိုယ်ကောင်းဆန်လေ့ရှိပြီး )
E= EgoCentric ( ကိုယ်ကျိုးပဲဦးစားပေးသော )
A= Adroit ( ပါးနပ်သည့်/လူလည်ကျသည့် )
N= Neighbors ( အိမ်နီးချင်းများ )
I'd rather be in outer space 🛸

Kiana Khansmith
tumblr dot com


★
ojovivo
Noah Kahan

Discoholic 🪩

gracie abrams

izzy's playlists!
EXPECTATIONS
let's talk about Bridgerton tea, my ask is open
Fai_Ryy
Game of Thrones Daily
wallacepolsom
Xuebing Du

@theartofmadeline
seen from United States
seen from South Korea
seen from China
seen from Belarus
seen from Türkiye
seen from United States

seen from United States

seen from Russia
seen from United States

seen from Malaysia
seen from Canada
seen from United Kingdom
seen from United States
seen from United States
seen from United States
seen from United States
seen from Malaysia

seen from United States
seen from United States
seen from Malaysia
@burmaspringrevolution
မြန်မာတွေ နာမည်ပြောင်းပေးလိုက်တဲ့ ASEAN!
A = Always ( အမြဲ)
S= Selfish ( တကိုယ်ကောင်းဆန်လေ့ရှိပြီး )
E= EgoCentric ( ကိုယ်ကျိုးပဲဦးစားပေးသော )
A= Adroit ( ပါးနပ်သည့်/လူလည်ကျသည့် )
N= Neighbors ( အိမ်နီးချင်းများ )

Anya is live and ready to show you everything. Watch her strip, dance, and perform exclusive shows just for you. Interact in real-time and make your fantasies come true.
Free to watch • No registration required • HD streaming
Why do we co-operate…?
Just any ways!
တွက်ကိန်းလွဲပြန်တဲ့ စစ်တပ်ဝါဒဖြန်ချီရေး | People's Spring
စစ်အုပ်စုက လုပ်မယ်ဆိုတဲ့ရွေးကောက်ပွဲနားနီးလာတာနဲ့ အမျှ စစ်တပ်က ဝါဒဖြန့်ချီတာ ၊ဖိနှိပ်မှုတွေတိုးလုပ်လာပေမယ့် ပြည်သူတွေကလည်း စစ်အုပ်စု အငိုက်မိသွားအောင် ဘယ်လို့ တုံ့ပြန်နေလဲ ဆိုတဲ့အကြောင်း ဒီတစ်ပါတ်ပြောပြပါမယ် ။
အာဏာသိမ်းစစ်အုပ်စုဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက်နေ့ညက ခေတ်သမိုင်းကိုဒုန်းစိုင်းမည့်သူများလို့ အမည်ပေးထားတဲ့ ရွေးကောက်ပွဲစည်းရုံးရေးဇာတ်လမ်းကို စတင်ထုတ်လွှင့်ခဲ့ပါတယ်။
အဲဒီဇာတ်ကားမှာ အာဏာသိမ်းကာလအတွင်း ဝင်ငွေအများဆုံးရနေတဲ့ မြန်မာပြည်က မင်းသားတွေဖြစ်တဲ့ နေတိုး၊ မြင့်မြတ်၊ နေဝင်း၊ အေးချမ်းမောင် စတဲ့ မင်းသားတွေနဲ့ ရိုက်ကူးခဲ့တာပါ။ ခြူးလေး၊ မေမြင့်မိုရ်၊ အောင်ခိုင်၊ ငှက်ပျောကြော်၊ စူပါလင်း၊ သွက်လက် စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ပါတယ်။
ဒါရိုက်တာနာမည်တော့မထိုးဘဲ ခေတ်သမိုင်း သုခမရပ်ဝန်းက ရိုက်ကူးတယ်လို့ပဲ စာတန်းတိုးထားပါတယ်။ ဇာတ်ကားရိုက်ကူးသူရဲ့ နာမည်ကိုလည်း နာမည်ဝှက်နဲ့ အသုံးပြုထားပေမယ့် အရင် ကတည်းကစစ်တပ် ဝါဒဖြန့်ဇာတ်လမ်းတွေရိုက်နေကြ စစ်ကောင်စီတပ်ရဲ့ ဗိုလ်ကြီး တင်အောင်စိုး (ပန်းမြို့တော်) ဖြစ်တယ်လို့ အနုပညာအသိုင်းအဝိုင်းက ပြောပါတယ်။
ထပ်မံသိရတာကတော့ ဇာတ်လမ်း၊ ဇာတ်ညွန်းကို စာရေးဆရာ ချစ်ဦးညိုရဲ့သား လင်္ကာညိုက ရေးသားပေးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဇာတ်လမ်းမှာ အချက်အလက်အမှားတွေအသုံးပြုထားသလို၊ တော်လှန်ရေးကိုပုံဖျက်တာ၊ CDM ဝန်ထမ်းတွေကို စော်ကားတာ၊ နိုင်ငံရေးသမားတွေကို လှောင်ပြောင်တာ စတဲ့ စစ်တပ်အတွက် ဝါဒဖြန့်ချိမှုကိုအများအပြား ထည့်သွင်းရိုက်ကူးခဲ့တာ တွေ့ရပါတယ်။
အဲဒီဝါဒဖြန့်ဇာတ်ကားနဲ့ သရုပ်ဆောင်တွေအပေါ် တော်လှန်ရေးအသိုင်းအဝိုင်းအပါအဝင် ပြည်သူတွေက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။ ဒီဇာတ်ကားက စစ်ကောင်စီရဲ့ရွေးကောက်ပွဲ အတွက်တင်မဟုတ်ဘဲ ပြည်သူ့ဘက်တော်သားတွေရဲ့ တည်ရှိမှုကိုပါ စကားလုံးအသုံးအနှုန်း ၊ အမူအရာတွေနဲ့ စော်ကားထားကြတာလို့ပြည်သူတွေကဝေဖန်ကြပါတယ်။
"ဗုံးထောင်တာ တော်လှန်ရေးမဟုတ်ဘူးတဲ့ အိမ်တွေမီးရှို့တာကနယ်မြေရှင်းလင်းရေး၊ လေယာဉ်နဲ့ ပြည်သူတွေ၊ကလေးတွေပါမကျန် ဗုံးကြဲတာက စစ်ဆင်ရေး၊ ကိုယ့်လက်အောက် မှာ မလုပ်ချင်တဲ့သူတွေကိုဖမ်းပြီးထောင်ချ၊ ကိုယ်မကောင်းလို့မကောင်းဘူးပြောတဲ့သူတွေကိုဖမ်းဆီးဖျောက်ဖျက်တာကနိုင်ငံရေး၊စစ်ရှုံးနေလို့လူငယ်တွေကိုပေါ်တာဆွဲတာကတပ်မတော်ပေါ့လေ။" လို့ Revolution Fan War-RFW ပေ့ခ်ျက မြေပြင်အခြေအနေနဲ့ ကွာဟနေတဲ့ အကြောင်းကို ထောက်ပြထားပါတယ်။
အချက်အလက်အမှားတွေ ၊ စစ်တပ်ရဲ့ ဝါဒဖြန့် စကားလုံးတွေကို အတုံးလိုက်အတစ်လိုက် သုံးပြီး ပြည်သူတွေကိုရော ၊ပြည်သူ့တော်လှန်ရေးကိုပါ ပြင်းပြင်းထန်ထန် ထိုးနှက်လိုက်တာကြောင့် ပြည်သူတွေရဲ့ တုံ့ပြန်မှုကလည်း ပြင်းထန်ပါတယ် ။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သွေးအေးသွားတဲ့ လူမှုရေး ပြစ်ဒဏ်ခတ်မှု (Social Punishment )နဲ့ သပိတ်မှောက်မှု (Boycott) ကို ပြည်သူတွေဆီက အင်နဲ့ အားနဲ့ ပြန်ထွက်ပေါ်လာပါတော့တယ် ။
ရှစ်လေးလုံးအရေးတော်ပုံအပြီး ၁၉၉၀ ဝန်းကျင်မှာ စစ်တပ်က တော်လှန်ရေးအင်အားစုတွေကို ပါပီမ ဇာတ်ကားနဲ့ ဝါဒဖြန့် စိတ်ဓါတ်စစ်ဆင်ရေးလုပ်သလို ဒီတစ်ကြိမ်လည်းလုပ်တာပါ။ဒါပေမယ့် ပြည်သူတွေ လမ်းပေါ်မှာ ကြွေးကြော်ဆန္ဒပြခဲ့သလို ၈၈ က အချိုးတွေ ၂၀၂၁ မှာလာမလုပ်နဲ့ ဆိုသလို ပြည်သူတွေရဲ့ တုံ့ပြန်ပုံက စစ်အုပ်စု အရှိုက်ထိခဲ့ပါတယ် ။
ဇာတ်လမ်းမှာပါဝင်တဲ့ သရုပ်ဆောင်တွေကို ပြည်သူတွေက အပြင်းအထန် ဝေဖန်ကြပါတယ် ။ ဒါကြောင့် သူတို့နဲ့ ကြော်ညာတွေရိုက်ကူးနေတဲ့ စီးပွားရေးလုပ်ငန်းတွေ ၊ကုမ္ပဏီတွေက ကြော်ညာရိုက်တာတွေ ရပ်နားကြမယ်ဖြစ်သွားပါတယ်။ လူထုဆီက ပြင်းထန်တဲ့ ဝေဖန်မှုတွေကြောင့် သရုပ်ဆောင်အချို့ဟာ သူတို့ရဲ့ ဖေစ်ဘွခ်ပေချ်တွေက မှတ်ချက်တွေ ဖျက်မနိုင်တော့တဲ့အခါ မှတ်ချက်တွေကို ပိတ်လိုက်ကြရပါတယ်။
ဒီဇာတ်ကားမှာပါဝင်တဲ့ အနုပညာရှင်တွေ အကုန်လုံးက စစ်ကောင်စီလက်အောက်မှာ ကျင်းပတဲ့ အကယ်ဒမီပေးပွဲတွေမှာ နှစ်အလိုက် အကယ်ဒမီ ရထားကြသူတွေပါ။
ဒါ့အပြင် နေတိုး နဲ့ မြင့်မြတ်ဆိုရင် အာဏာမသိမ်းခင်ကာလကတည်းက စစ်ခေါင်းဆောင်သမီး ခင်သီရိသက်မွန်ရဲ့ ထုတ်လုပ်ရေးဖြစ်တဲ့ 7th Sense နဲ့ စစ်တပ်အာဏာမသိမ်းခင်ကတည်းက ကျပ်သိန်းထောင်ချီတန်တဲ့သီးသန့် စာချုပ်ချုပ်ထားသူတွေပါ။
ဒီနောက်ပိုင်းကာလတွေမှာ ထုတ်လုပ်ရေးလုပ်ဆောင်နေသူတွေကလည်း စစ်ခေါင်းဆောင်သမီး နဲ့ အတူတွဲဖက်လုပ်ကိုင်ခဲ့သူတွေက နာမည်အမျိုးမျိုး သုံးပြီး ထုတ်လုပ်နေကြတာများတယ်လို့ ရုပ်ရှင် လောကသားအချို့ကပြောပါတယ်။
ဒီဇာတ်ကားမှာပါဝင်သူတွေက လက်ရှိကာလမှာ ရုံတင်ဇာတ်ကား အများဆုံးမှာပါဝင်ထားကြသူတွေဖြစ်တာကြောင့် စစ်အုပ်စုက သူတို့ခေတ်အဆက်ဆက်အသုံးပြုခဲ့တဲ့ နည်းဟောင်းအတိုင်း လုပ်ခဲ့တဲတာပါ။
ဒီတစ်ကြိမ်မှာတော့ စစ်ကောင်စီရဲ့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့ပါဘူး။ သူတို့ရဲ့ ဇာတ်ကားထွက်လာပြီးချိန်မှ ပြည်သူတွေဘက်က လျော့တိလျော့ရဲဖြစ်နေတဲ့ Boycott လုပ်တာတွေ Social Punishment ပြုလုပ်တာတွေက ပြန်အားကောင်းလာတာကြောင့် စစ်အုပ်စုအငိုက်မိသွားပါတယ်။
စစ်အာဏာသိမ်းမှုကို လက်မခံပဲပြည်သူနဲ့ အတူ ရပ်တည်ခဲ့တဲ့ နာမည်ကြီးမင်းသား ဒေါင်းကတော့ ဒီဝါဒဖြန့်ဇာတ်လမ်း နဲ့ စစ်တပ်ရဲ့လုပ်ရပ်တွေဟာစစ်တပ်ရဲ့ သရုပ်အမှန်ကိုထပ်ပြတဲ့လုပ်ရပ်လို့သုံးသပ်ပါတယ်။
ဒါအပြင်စစ်တပ် ဝါဒဖြန့်မှုမှာ စိတ်ပါ လက်ပါ ပါဝင်နေတဲ့ အနု ပညာရှင် တွေကို ပြည်သူတွေက အကောင်းဆုံးနည်းနဲ့ ပြစ်ဒဏ်ခတ်ချင်တယ် ဆိုရင် လျစ်လျှူရှု တာပဲဖြစ်တယ်လို့ပြောပါတယ်။
အနုပညာရှင်အချို့ဟာအောင်မြင်လာရင် ပြည်သူကိုတစ်ဆင့်နိမ့်မြင်လာပြီး အထင်သေးလာသလို သူတို့ကိုယ်တိုင်ကြ အရေးကြီးပုဂ္ဂိုလ်တွေလို ပြုမူဆက်ဆံမြင်လာကြပါတယ်။တကယ်တန်းကြ ပြည်သူတွေအင်အားကြီးမားပြီး ပြည်သူလျစ်လျူရှူမှာကို စစ်တပ်အတွက်ဝါဒဖြန့်ပေးနေတဲ့ အနူပညာရှင်တွေ အကြောက်ဆုံးအရာဖြစ်တယ်လို့ ဒေါင်းကပြောလိုက်ပါတယ် ။ ။
ဖွတ်ခေါင်းချိတ်ပြီးဖွတ်သားရောင်းနေသောစစ်ဖွတ်မင်းအောင်လှိုင်
တကိုယ်တော် အာဏာသိမ်းမှု မဟုတ်ပါ (ဆောင်းပါးရှင် နိုင်ခေတ်)

Anya is live and ready to show you everything. Watch her strip, dance, and perform exclusive shows just for you. Interact in real-time and make your fantasies come true.
Free to watch • No registration required • HD streaming
၁၈ နှစ်ပြည့် ရွှေဝါရောင်တော်လှန်ရေး မှသည် နွေဦးတော်လှန်ရေး ဆီသို့ …
ဒီနေ့က ရွှေဝါရောင်တော်လှန်ရေးကြီး ၁၈ နှစ်ပြည့်တဲ့နေ့ပါပဲ။ နိုင်ငံတကာမှာ Saffron Revolution 2007 ဆိုပြီး လူသိများလှတဲ့ ၂၀၀၇ ရွေဝါရောင်တော်လှန်ရေးကြီးက အချိန်အားဖြင့် ၁၈ နှစ်တောင် ကြာမြင့်ခဲ့ပါပြီ …။
ရွှေဝါရောင်တော်လှန်ရေးစိတ်ဓာတ်ကို စွဲကိုင်ပြီး နွေဦးတော်လှန်ရေးမှာ ဆက်လက် တိုက်ပွဲဝင်ကြဖို့ အတွက်တိုက်တွန်းချင်ပါတယ်။ နှစ်ပေါင်း ၁၈ နှစ်ကြာမြင့်နေပြီဖြစ်တဲ့ ရွှေဝါရောင်တော်လှန် ရေးကို ပြည်သူတွေ မမေ့ကြသေးပါဘူး။ အဲဒီတုန်းက တင်ခဲ့တဲ့ စစ်အာဏာရှင်တွေရဲ့ အကြွေးကို အခု နွေဦးတော်လှန်ရေးမှာ အတိုးရော အရင်းပါ ပေါင်းယူမှာဖြစ်တယ်လို့ …။
Zoom User @1945s
Thank you for your image.
When is it?
Wow!
Your survive is awesome.
မြန်မာစစ်တပ် ဖွဲ့စည်းပုံ ဘယ်လိုပြောင်းသွားသလဲ?
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားနိုင်ငံကို ရောက်ရှိနေချိန်မှာ မြန်မာစစ်တပ်ရဲ့ ဖွဲ့စည်းပုံပြောင်းလဲမှုကို မြင်တွေ့ရပါတယ်။ စစ်ရေးရလဒ်အပေါ် မူတည်ပြီး မြန်မာစစ်တပ်ရဲ့ ထိပ်ပိုင်းရာထူးအပြောင်းအလဲတွေက်ို ဆက်တိုက်မြင်တွေ့ခဲ့ရပေမယ့် ဒီတစ်ကြိမ်မှာတော့ ဖွဲ့စည်းပုံပါ အနည်းငယ်ပြောင်းလဲသွားခဲ့ပါတယ်။ ဒါဟာ ဆယ်စုနှစ်နှစ်ခုအတွင်း ပထမဆုံး ဖွဲ့စည်းပုံ အပြောင်းအလဲပါ။ ဒီပြောင်းလဲမှုတွေဟာ ရှုံးနိမ့်နေတဲ့ စစ်မျက်နှာတွေနဲ့ လာမယ့် ရွေးကောက်ပွဲ အတွက် စစ်တပ်ရဲ့ မဟာဗျူဟာအသစ် ဖြစ်နိုင်ပါတယ်။
ရွေး/ကော်ဥက္ကဋ္ဌ က မင်းအောင်လှိုင်ရဲ့ ဝှက်ဖဲလား? (ရုပ်/သံ)
အာဏာသိမ်း စစ်အုပ်စုကပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် ဥပဒေတွေ၊ ဆုံးဖြတ်ချက်တွေ၊ အမိန့်တွေကို ချမှတ်တဲ့နေရာမှာ အခရာကျတဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဥက္ကဋ္ဌ ရာထူးကို ဗိုလ်ချုပ်ဟောင်း ဦးသန်းစိုးက ရထားပါတယ်။
ဦးသန်းစိုးဟာ ၂၀၂၁ စစ်တပ်အာဏာသိမ်းစထဲက စတင်ဖွဲ့စည်းခဲ့တဲ့ ရွေးကောက်ပွဲကော်မရှင်မှာအဖွဲ့ဝင်ဖြစ်ခဲ့ပြီး နောက်ဆုံးမှာ ဥက္ကဋ္ဌ ဖြစ်လာဖို့ စစ်ခေါင်းဆောင်ရဲ့ ဝှက်ဖဲလို့ ထောက်ပြမှုတွေ ရှိနေပါတယ်။
စစ်တပ်ကို ဩဇာခံတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတဦးက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတရပ်ကို ဘယ်လိုဖော်ဆောင်မလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

Anya is live and ready to show you everything. Watch her strip, dance, and perform exclusive shows just for you. Interact in real-time and make your fantasies come true.
Free to watch • No registration required • HD streaming
ဗိုလ်ချုပ်ထွန်းမြတ်နိုင် – ရက္ခိတလမ်းစဉ်မှသည် စစ်အာဏာရှင်တော်လှန်ရေးဆီသို့
၂၀၀၉ ခုနှစ်တွင် အသစ်ပေါ်ပေါက်လာသော ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) နှင့် အဖွဲ့တည်ထောင်သူ ဗိုလ်ချုပ်ထွန်းမြတ်နိုင်သည် အခြားသော ERO များနှင့်နှိုင်းယှဉ်ပါက သက်တမ်းအလွန်နုပါသည်။ သို့သော် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ခေါင်းဆောင်မှုအောက်တွင် ULA/AA လက်ရှိ ရရှိထားသော ရခိုင်ပြည်နယ်ရှိ စစ်ရေး အောင်မြင်မှုများက သက်တမ်းရင့် ERO များပင် မစွမ်းဆောင်နိုင်ခဲ့သော အောင်မြင်မှုအဖြစ် စံချိန်တင်နိုင်ခဲ့ သည်။
“၁၀၂၇ စစ်ဆင်ရေး” ကို ဦးဆောင်ခဲ့သော ညီနောင်မဟာမိတ် ၃ ဖွဲ့ ထဲတွင် AA သည် ရခိုင်စစ်မျက်နှာတွင် မနားတမ်း စစ်ဆင်နွှဲနေပြီး၊ သိမ်းပိုက်ထားနိုင်ခဲ့သော နယ်မြေများ ပြန်လည်လက်လွှတ်ဆုံးရှုံးခဲ့ရခြင်း မရှိသေးသော တစ်ခုတည်းသော ERO ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ရခိုင်ဒေသတွင် ကာလကြာရှည်တည်ရှိခဲ့သော လူမျိုးရေးပဋိပက္ခကြီး၊ ရခိုင်ပြည်နယ် ပထဝီနိုင်ငံရေး မဟာဗျူဟာအကျိုးစီးပွား ဆုံချက်ဖြစ်နေခြင်း၊ အိမ်နီးချင်းအင်အားကြီး တရုတ်နှင့် အိန္ဒိယနိုင်ငံကြီးနှစ်ခု၏ အကျိုးစီးပွားများ ကြီးကြီးမားမား တည်ရှိနေခြင်းက အခြား ERO များ ရင်ဆိုင်ရခြင်းမရှိသော အခက်အခဲများကို AA သည် တစ်ပါတည်း အမွေဆက်ခံ ကိုင်တွယ်ဖြေရှင်းလာရသည်။
ထိုအခက်အခဲများကို ဖြေရှင်းကျော်လွှားနိုင်မည်ဆိုလျှင် AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်အတွက် တောက်ပသော အနာဂတ်တစ်ခုက စောင့်ကြိုနေပါသည်။ နယ်ချဲ့ဆန့်ကျင်ရေး သမိုင်းတွင် မြန်မာပြည်သူတစ်ရပ်လုံး၏ နိုင်ငံရေးနိုးကြားမှုကို ရှေ့ဆောင်နိုင်ခဲ့သော ရခိုင်ဆရာတော် ဦးဥတ္တမ ပြီးလျှင်၊ ရခိုင်လူမျိုးများအကြားတွင်သာမက မြန်မာပြည်သူတစ်ရပ်လုံး၏ အမျိုးသားခေါင်းဆောင်အဆင့်ထိ တက်လှမ်းနိုင်မည့် အခွင့်အလမ်း ရှိနေပါသည်။
ထိုအခွင့်အလမ်းအတွက် လက်နက်ကိုင်တပ်ဖွဲ့တစ်ခု၏ ဗိုလ်ချုပ် အဆင့်မှ နိုင်ငံတစ်ခု၏ နိုင်ငံရေးခေါင်းဆောင် အဆင့်သို့ ကူးပြောင်းရန် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကျော်ဖြတ်ရမည့် အခက်အခဲများက အလွန်များပြားလှသော်လည်း၊ မဖြစ်နိုင်သော အရာ မဟုတ်ပါကြောင်း ‘သုတဇော်’ ၏ သုံးသပ်ချက်ဆောင်းပါးကို ဖော်ပြလိုက်ပါသည်။
ရခိုင်မှာ စကမ စစ်တပ် လုံးဝ အသံမထွက်နိုင် (ရုပ်/သံ)
စစ်တပ်ဟာ ရခိုင်မှာ အောင်ပွဲသေးသေးလေးဖြစ်ဖြစ် အရမ်းလိုချင်နေတာပါ။ နေပြည်တော် သတင်းအရင်းအမြစ်တွေအရ ရခိုင်စစ်မျက်နှာမှာ လိုအပ်တဲ့၊ စစ်အင်အား၊ ဒရုန်းအပါအဝင် စစ်လက်နက်ပစ္စည်း၊ စစ်ကူပစ်ကူ ပေးဖို့ဆိုတာ စစ်တပ်ရဲ့ ပထမဦးစားပေးလို့ ဆိုပါတယ်။
ဒါပေမဲ့ ရခိုင်စစ်မျက်နှာမှာ စစ်တပ် အသံမထွက်နိုင်ပါဘူး။ စစ်အင်အားအလုံးအရင်း သုံးတာလည်း မပြောနိုင်ပါဘူး။ ဒရုန်းတွေ အဆင်မြင့်တာလည်း မကြွားနိုင်ဘူး။ စစ်တပ်ရဲ့ ထိုးစစ်ဟာ တနေရာပြီးတနေရာ ရှေ့ဆက်ပြီး အောင်ပွဲရမယ်လို့လည်း ကြွားလုံးမထုတ်ရဲပါဘူး။ သေနင်္ဂဗျူဟာအရ ရခိုင်ကို အသာစီးရပြီလို့ မဆိုရဲကြပါဘူး။ အကြောင်းကတော့ စစ်မြေပြင်မှာ အနိုင်မရဘဲ ရှုံးပွဲတွေ့နေလို့ပါ။
စစ်တပ် ကြွားလုံးမထုတ်နိုင်တဲ့ ရခိုင်က စစ်အောင်နိုင်ခြင်း အကြောင်းအချက်တွေကို လေ့လာကြဖို့ လိုပါလိမ့်မယ်။ သာမန်စစ်ဗျူဟာ သက်သက်ကြောင့်သာ မဟုတ်ဘဲ သူတို့တတွေ တလျှောက်လုံး တည်ဆောက်၊ ပြင်ဆင်၊ လေ့ကျင့်၊ စုဖွဲ့ပုံများနဲ့ AA ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကလည်း လက်ရှိအောင်ပွဲများအတွက် အရေးပါလိမ့်မယ် ထင်ပါတယ်။
စစ်အာဏာရှင် နို့သက်ခံ နိုင်ငံရေးကပ်ပါးကောင်များ၏ ရွေးကောက်ပွဲပြဇာတ်
တစ်ချိန်မှာ ပြည်သူရဲ့ ဒဏ်ခတ်ခြင်းကို ခံရမဲ့ သီတာယုမွန်လို ပျူစောထီးတွေ
နိုင်ကျဉ်းဟောင်းဆရာသန်းမြင့်အောင်ဆွေးနွေးတင်ဆက်ထားတဲ့ စကစရဲ့ဒေါက်တိုင်ပျူစောထီးတွေရဲ့အကြောင်းကို ကမ္ဘောဒီးယားနိုင်ငံ ခမာနီအာဏာရှင်တွေနဲ့ နှိုင်းယှဉ်ပြီးဘာတွေပြောသွားမလဲဆိုတာကို ကြည့်ရှုပေးကြပါအုံးဗျ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအရေးပါမှု — ဒေါ်စန္ဒာမင်း ဘာပြောလဲ?
၂၀၂၅ နှစ်ကုန်ပိုင်းမှာ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲနဲ့ လက်ရှိနိုင်ငံရေးလှုပ်ရှားမှုနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ်တာ၀န်ယူခဲ့တဲ့ ဒေါ်စန္ဒာမင်းနဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ သူမအနေနဲ့ ရွေးကောက်ပွဲကို ကြီးကြီးမားမားမျှော်လင့်ထားပြီး သေချာပေါက်၀င်ရောက်ယှဥ်ပြိုင်သွားမယ်လို့ဆိုတယ်။ ဒါ့အပြင် မြန်မာ့နိုင်ငံရေးမှာ သြဇာကြီးမားမှု အရှိဆုံးဖြစ်တဲ့ NLD ပါတီရဲ့ခေါင်းဆောင်း ဖမ်းဆီးထိန်းသိမ်းခံထားရခြင်း၊ သူမရဲ့ အနာဂါတ်နိုင်ငံရေး စတဲ့ အကြောင်းအရာတွေကို ဒေါ်စန္ဒာမင်းက ဆွေးနွေးပေးထားပါတယ်၊၊

Anya is live and ready to show you everything. Watch her strip, dance, and perform exclusive shows just for you. Interact in real-time and make your fantasies come true.
Free to watch • No registration required • HD streaming
ဂိုဏ်းဂဏတည်ဆောက် နိုင်ငံရေး ဖျာခင်းခြင်းလား? တပ်ပေါင်းဘယ်လိုစုကြမလဲ?
…တပ်ပေါင်းစုဆိုတာ လိုအပ်ပါတယ်။ တပ်ပေါင်းစုလို့ ပြောဆိုလိုက်တဲ့ အခါတိုင်း ဘယ်လို တပ်ပေါင်းစုလဲ ဘယ်လောက်အထိ ပေါင်းစုနိုင်မှာလဲ ဆိုတဲ့ မေးခွန်းတွေက အမြဲတွဲပါလာပါတယ်…
AA ဗိုလ်ချုပ်ကို မေးမြန်းခြင်း “မြန်မာစစ်တပ်ပြိုလဲသွားရင် ဘာဖြစ်မယ်ထင်လဲ?”