ဓားတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်မည် | မြသန်းတင့် ..... သံချောင်းနှင့်နန္ဒ နှစ်ဦးအကြောင်းသည် ကိုယ့်အတွေးတွင် နေရာယူလွန်းနေသည်။ ကိုယ်သည် ယနေ့တွင် များလှစွာသော သံချောင်းများနှင့်များလှစွာသော နန္ဒများကို မျက်မြင်တွေ့နေရသဖြင့် ဆရာမြသန်းတင့်၏ ဝတ္ထုဇာတ်ကောင် သူတို့ကို သတိရမိနေသည် ထင်သည်။ ... သံချောင်းနှင့်နန္ဒတို့သည် ခေတ်ကာလလူငယ်များ၏ ကိုယ်စားပြုဇာတ်ကောင်များဖြစ်သည်ဟု ဆရာမြသန်းတင့်ကိုယ်တိုင် ပြောခဲ့ဖူးသည်ကိုလည်း မှတ်သားထားဖူးသည်။ ... ဆရာ့ဝတ္ထုသည် ခေတ်အဆက်ဆက်လူငယ်များအပေါ် အတန်အသင့် လွှမ်းမိုးခဲ့သည်။ မောင်သစ်မင်း၏ တေးမြုံငှက်တွင် ဆရာ့ဝတ္ထုကို ဖတ်သောဇာတ်ကောင်ကို တွေ့ရသည်။ ရုပ်ရှင်အဖြစ်လည်း မြင်ရသည်။ ကိုယ်တို့ သက်တူရွယ်တူများအကြားတွင်လည်း သံချောင်းလား၊ နန္ဒလား ရွေးခဲ့ကြဖူးသည်။ ... တကယ်တော့ သံချောင်းကြီးပဲ မဖြစ်သင့်သလို နန္ဒများကြီးပဲလည်း ရှိမနေသင့်ပေ။ သံချောင်းနှင့်နန္ဒ ညီညွတ်မျှတနေခြင်းသာ အရေးပါသည်ဟု ယနေ့အခင်းအကျင်းများအရလည်းကောင်း၊ လူလတ်ပိုင်းတစ်ဦး၏ စိတ်သက်အရလည်းကောင်း ရှုမြင်မိပါသည်။ ... ကိုယ်တို့ ... ဓားတောင်နှင့်မီးပင်လယ်ကို အတူတကွ ကျော်ဖြတ်ကြရအောင်။ (at Yangon) https://www.instagram.com/p/B-TQarNhq0s/?igshid=1w1d088k1jk3n










